ကြက်သားပလာတာချက်နည်း
ကြက် ၁ါ ၅၀ါး
ဆီ ၃၀ါး
ကုလားပဲ ၅၀ါး
ပဲမှုန့် ၅ါး
အာလူး ၅၀ါး
ဂျင်း ၅ါး
သွံဖြူ ၁၀ါး
သွံနီ ၂၅ါး
ငြူပ်ဆီ ၅ါး
မဆလာ အသေး ၅ ထုတ်
ကုလားပဲကိုနူးအောင်ပြုတ်ပြီးချေထားပါ
အာလူးကိုပြုတ်ပြိးအခွံနွှာ လေးစိတ်စိတ်ထားပါ
ကြက်သားအနေတော်တုံးပြီးသားကိုရေစင်အောင်ဆေး ပြီး အချိုမှုန့် ၁၀ါး ၊ ဆား ၂ကျုပ်ခွဲသား ၊ ငံပြာရည် သင့်တင့်ရုံထည့် နှံ့အောင်နယ်ပါ
ဂျင်း၊ ကြက်သွံဖြူ ၊ ကြက်သွံနီတို့ကိုထောင်းပြီး ကြက်သားထဲကိုထပ်ထည့်ပြီးနှံ့အောင်နယ်ပါ
ငြုပ်ဆီ နှင့်ဆီထည့်ပြီး မဆလာ သင့်တင့်ရုံထည့်ပြီးမီးဖိုပေါ်တင်ပါ ရေအနည်ငယ်ထည့်ပြီးချက်ပါ
၅မိနစ်လောက်ကြာရင်တစ်ခါနှစ်ခါမွှေပေးပါ
ဆီပြန်လာတဲ့အခါ ပဲမှုန့် ၅ါးရေဖျော်ပြီး ကုလားပဲပြုတ်ချေထားတာကိုထည့်ပြီးရောမွှေပါ
အာလူးပြုတ်ပြီးသားထည့်ပါ
ရေကိုဟင်းချက်ပြီးသားအပေါ် လက်၅ လုံးခန့်ထည့်ပါ
ရေဆူလျှင်အပေါ့အငန်မြည်းပါ
လေးလျှင်ရေထည့်ပါ ပေါ့လျှင်ဆားထပ်ထည့်ပါ အချိုလိုလျှင်အချိုမှုန့်ခပ်ပါ
ဟင်းရည်ကိုမပျစ်မကျဲထားပါ
ကျက်လျင်မဆလာ နည်းနည်းထပ်ထည့်ပြီး ရေပွက်ပွက်ဆူလျှင် ဟင်းကျက်ပါပြီ
ခရမ်းချဉ်သီးအနေတော်လှီးပါ
နံနံပင် ကာလီသီးညှပ်ပါ
ကြက်သွန်နီပါးပါးလှီးထားပါ ( ပြီးလျှင် လိုသလိုထည့်ကာ စားသုံးနိုင်ပါပြီ)
အာလူးပူတင်းဖုတ်နည်း
(ဗန်းကြီးတစ်ဗန်းစာ အရေအတွက်)
အာလူး ၁ါ
ဂျုံမှုန့် ၃၀ါး
သကြား ၅၀ါး
နို့ဆီ ၂ ဗူး
ကြက်ဥ 10 လုံး
ငှက်ပျော်ဖီးကြမ်း 1 ဖီး
အုန်းသီး 2 လုံး
ထောပတ် ၅ါး
ပဲဆီ ၁၀ါး
ဆားအနည်းငယ်
ဒါကတော့ အဆိမ့်အရသာ အာလူးရဲ့အရသာပေါ်လွင်အောင်ပေါ့
အချိုကြိုက်ရင်သကြားပိုထည့်ပါ
ပထမဆုံး အာလူးကိုနှုးနေအောင်ပြုတ်
ပြုတ်ပြီးသားအာလူးကိုအခွံသင်ပြီးခြစ်ထား ထောင်းရင်လည်းရတယ်
ခြစ်ပြီးသားအုန်းသီးကိုအရည်သတ်သတ်မညှစ်ပဲ
ဒီတိုင်းခြစ်ပြီးသားအတိုင်းထည့်
ပြီးရင်ငှက်ပျောသီးကိုအခွံနွှာပြီးထည့်
အပေါ်မှာရေးထားတဲ့ပစ်စည်းတွေကိုဗန်းတစ်ဗန်းထဲကိုအကုန်ထည့်
အားလုံးကိုသမသွားအောင် ပိုင်ပိုင်နိုင်နိုင်နယ်ပါ (နှံ့အောင်နယ်ပါ)
မနှံ့ရင်အရသာမကောင်းတော့ဘူး
အားလုံးနှံ့အောင်နယ်ပြီးသွားရင်စပျစ်ခြောက်လေးတွေကို မြုပ်အောင်နေရာအနှံ့ထည့် စပျစ်ခြောက်ထည့်ပြီးသွားတော့မှ ဘိတ်စေ့ကိုအပေါ်ကနေနှံ့အောင်ဖြူး
အားလုံးပြီးသွားရင် အထက်မီး အောက်မီးနဲ့ဖုတ်မယ်
မီးကမျှဖို့လိုတယ်ပါတယ်
အပေါ်မီးကအုန်းခွံမီးထည့်ရင်ကောင်းတယ်
မီးကအရမ်းတောက်လွန်းအားကြီးရင်လည်းမကောင်းဘူး
အနေတော်လေးပေါ့
မီးဖိုပေါ်စတင်တဲ့အချိန်ကစလို့45 မိနစ်လောက်ကြာရင်အိုးကိုချလို့ရပါပြီ ။
မုန့်ဟင်းခါး ချက်နည်း
မုန့်ဖတ် ၈ ပိသာာ
ပဲမှုံ့ ၇၀ ကျပ်သား
ဆီ ၄၀ ကျပ်သား
သွံနီ ၁ါ
သွံဖြူ ၁၅ ကျပ်သား
ဂျင်း ၅ကျပ်သား
ငြုပ်ဆီ ၅ါး
ငါး ၁ါ
ငံပြာရည် ၁ ဗူး
အချိုမှုံ့ ၁၅ါး ခန့်
ဆား ၅ါး
ငါးကိုင်ပြီး ငံပြာရည်ဘူးတစ်ဝက် ဆားနဲနဲ၊ နနွင်းနဲနနဲ နယ်ပြီး ရေထဲ့ပြုတ်ပါ
(ကျက်လျှင် အသင့်နွှင်ထားပါ)
1. ဆီ၂၅ ကျပ်သားလောက်ထဲ့ပြီး ဆူရင် သွန်နီ 25 ကျပ်သား လှီးပြီး အရင်ကြော်ပါ ကျက်ရင်ခဏ ဆယ်ထားပါ
2. ထိုဆီပူထဲကို သွန်ဖြူထောင်းပြီးသားထဲ့ကြော်ပါ
3. သွန်ဖြူကျက်ခါနီးမှာ ဂျင်းထောင်းပြီးသားထဲ့ပါ
4. ခဏကြာရင် သွံနီကြက်ပြီးသားပြန်ထဲ့ပါ
5. အဲဒါတွေကျက်ရင် ငြုပ်ဆီ ထဲ့မွှေ
6. ပြီးရင် ငါးထွင်ပြီးသားထည့်မွှေပါ
7. မွှေးနေအောင်ဆီနာနာသတ်ပါ
8. ပဲမှုန့်ရေဖျော်ပြီးသားကို ထည့်ပြီး နာနာမွှေပါ၊ အောက်မကပ်စေရန် ရေမဆူမချင်းဆက်တိုက်မွှေပါ၊
9. ပျစ်နေအောင်မွှေပါ ၊ နဲနဲနီအောင်မွှေရပါမယ်
10. ပျစ်သွားပြီဆိုမှ ရေကိုသင့်တင့်ရုံထဲ့ပါ ၊ ရေက တစ်ပိသာကိုရှစ်ခွက်လောက်ထဲ့ပါ၊ ရှစ်ပိသာကို ခွက် 30 ကျော်ကျော်လောက်ထဲ့ပါ
11. သွန်နီ 50 သား ခွဲခြမ်း ကိုတစ်ခါတည်းထဲ့မွှေပါ ၊
12. ရေဆူပြီဆိုရင် ငှက်ပျောအူ လှီးပြီးသား (နနွင်း၊ဆားနယ်ပြီး ရေသုံးထပ်ဆေးထားပြီးသား) ကိုထဲ့ပါ ငှက်ပျောအူကိုနုနုလေး ထည့်ပါ၊ ငှက်ပျောအူထဲ့လျှင် သွန်နီကို ၂၅ကျပ်သားလောက်ပဲထဲ့ပါ
13. ရေဆူရင် အပေါ့အငံမြည်းပြီး အချိုမှုန့်၊ ငံပြာရည်တို့ကို လိုသလို ထည့်ပါ( ပေါ့ချိုလေးပဲချက်ပါ )
14. ရေပွက်ပွက်ဆူရင် ငါးဖယ်ချစ်တို့ ဘဲဥပြုတ်ပြီးသားတို့ထဲ့ပါ
15. နံနံပင် ညှပ်ပါ ၊ သံပုရာသီး လှီးထားပါ ( ပြီးလျှင် လိုသလိုထည့်ကာ စားသုံးနိုင်ပါပြီ)
Hello world!
Welcome to WordPress. This is your first post. Edit or delete it, then start blogging!



